Facebookライブガイド

閲覧順 NG設定
18
ဒီဇင်ဘာ ၁၅ ရက် ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက် ထုတ်လွှင့်မှု) ■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အပြည်ပြည်ဆိုင်ရာ သတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး မြန်မာ့သတ္တုတွင်းလုပ်ငန်းကိစ္စများ ဆွေးနွေး ■ တပ်မတော်လေတပ်ကို ခေတ်မီ လေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား ■ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ရင်းနှီးမြှုပ်နှံထားသည့် ကျပ် ၇၀ ဘီလျံအား ကုမ္ပဏီနှစ်ခုတွင် ထည့်ဝင်ထားပြီး ရရှိလာမည့်အမြတ်များကို သာမန်ရငွေစာရင်းတွင် ထည့်သွင်းသွားမည် ■ ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) စတင်ဖွင့်လှစ် ■ အင်းဝအပ်ချုပ်ဆိုင်မိသားစုများထဲမှ အိမ်အကူကလေးငယ်များကို နှိပ်စက်သူလေးဦး ထောင်ဒဏ်အသီးသီး ကျခံရပြီး နှစ်ဦးကို အပြီးသတ်လွှတ် ■ ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်မှုဖြင့် Jude Jude Family ၊ ThintMyat Public Holding ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုးစက်ကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေများကို စစ်ဆေး ■ မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတပူတင်တို့ ဖုန်းဆက်ဆွေးနွေး ■ မြောက်ကိုရီးယားအရေးကို အာရုံစိုက်နေကြစဉ် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း စစ်အခြေစိုက် အဆောက်အအုံတွေကို ဆက်လက် ဆောက်လုပ်နေ ■ ပါလက်စတိုင်းဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် အစ္စရေးက ဂါဇာနယ်စပ်အား ပိတ်ထား ■ ကမ္ဘောဒီးယားအစိုးရအဖွဲ့ ခေါင်းဆောင်များ၏ ပြည်ပပိုင်ဆိုင်မှုများအား ထိန်းချုပ်လိုက်သည့် အမေရိကန်နှင့်အီးယူ၏ လုပ်ရပ်ကို ၀န်ကြီးချုပ်ဟွန်ဆန် စိန်ခေါ် ■ ကျောင်းကားကို ရထားဝင်တိုက်မှုကြောင့် ကလေးငယ်ခြောက်ဦး သေဆုံးမှု ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွား ■ နေအဖွဲ့ အစည်းနှင့်တူသည့် ဂြိုဟ်များရှိနေသော နေအဖွဲ့ အစည်းတစ်ခုကို နာဆာ၏ ကပ်ပလာအာကာသမှန်ပြောင်းမှ ထောက်လှမ်းတွေ့ ရှိ
11